Followers

Sunday, September 19, 2021

"တော်ဝင်မှန်ရဲ့ချစ်ဖူးစာ"

 



Cast


ဇာတ်လမ်းအကျဉ်း 

"မန်နီချန်မနိုဝမ်"ဆိုတဲ့ ကောင်မလေးဟာ ၂၁ရာစုခေတ်မှာနေတဲ့ ခေတ်မီတဲ့မိန်းကလေးတစ်ယောက်ပါ ခေတ်ရေစီကြောင်းနဲ့လိုက်ဖက်အောင်နေထိုင်တဲ့ လှသွေးကြွယ်တဲ့ပန်းလေးတစ်ပွင့်ပေါ့နော် 


ဒါပေမဲ့ "မန်နီ"ဟာ ဟိုးငယ်ငယ်လေးကတည်းက ခုအရွယ်ရောက်ချိန်ထိ အိပ်မက်တစ်ခုကိုပဲ မပြောင်းလဲဘဲမက်လာခဲ့တယ် သူမရဲ့အိပ်မက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက ရှေးခေတ်ကိုရောက်သွားတာမျိုးပေါ့ အဲ့မှာ သူမနာမည်ကိုခေါ်နေတဲ့လူတစ်ယောက်လည်းရှိသတဲ့.... "မန်နီ"ကို လက်ရှိမှာပိုးပန်းတဲ့သူရှိနေပေမဲ့ မန်နီကတော့ ဘယ်သူဘယ်ဝါမှန်းတောင်မသိတဲ့အိပ်မက်ထဲကလူကို စိတ်ထဲစွဲလမ်းမိနေပါတယ်


တစ်နေ့မှာ မန်နီတစ်ယောက် မထင်မှတ်ဘဲ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကနေ အက်ကွဲနေတဲ့ရှေးဟောင်းမှန်တစ်ချပ်ကို ဝယ်လာခဲ့ပြီးသူမရဲ့အခန်းထဲမှာ ထားလိုက်ပါတော့တယ် 


ဇာတ်လမ်းက အဲ့မှာစတာပဲ အဲ့ဒီမှန် သူမရဲ့အခန်းထဲကိုရောက်လာတဲ့နေ့ကစပြီး မှန်ထဲကနေတဆင့် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက ရှေးခေတ်ကိုရောက်ရောက်သွားတော့တာပဲ ရှေးဟောင်းမှန်ကြီးက မန်နီကို ထိုင်းဘုရင်ခေတ်အရာရှိတစ်ဦးဖြစ်တဲ့"ခွန်လွန်ဧက္ကရာထေ့ဝါရကွန်"ရဲ့အိမ်တော်ကိုခေါ်ဆောင်‌သွားသတဲ့


"မန်နီ"ရဲ့လျှိဝှက်ဆန်းကြယ်စွာရောက်ရှိလာမှုက "‌ထေ့"နဲ့အိမ်တော်တစ်ခုလုံးကလူတွေကို ထိတ်လန့်စေခဲ့ပါတယ် ဒါပေမဲ့ ခေတ်သစ်ကအသိဉာဏ်ကြွယ်ဝမှုကြောင့် မန်နီကိုလူတိုင်းက ထောက်ခံကြပါတယ် ဒီလိုနဲ့ မှန်ကိုဖြတ်ပြီး ရှေးခေတ်ကိုရောက်ရောက်သွားရင်း "မန်နီ" နဲ့ "ဧက္ကရာထေ့"တို နှစ်ယောက်ကြား ရင်နှီးမှုကနေ ခံစားချက်တစ်စုံတစ်ရာပေါက်ဖွားလာတော့တာပေါ့ 

ဒါပေမဲ့ "မန်နီ"ကို ဘယ်အရာက အတိတ်ခေတ်ကိုခရီးသွားစေခဲ့တာဖြစ်မလဲ  ဘာလို "မန်နီ"ကို အချိန်ခရီးသွားစေဖိုရွေးချယ်ခဲ့ရတာလဲ ....?

ပြီးတော့ သူမရောက်သွားခဲ့တဲ့အချိန်က ထိုင်းနိုင်ငံဟာ ကိုလိုနီနယ်ချဲ့တွေရဲ့ဖိနှိပ်မှုကိုခံနေရတဲ့အချိန်ဖြစ်နေတော့ , ခေတ်သစ်ကအသိပညာကိုအသုံးချပြီး မန်နီဟာ နိုင်ငံတော်ကို ကူညီကယ်တင်နိုင်ပါ့မလား ....

ဒီလိုနဲ့ပဲ ရှေးခေတ်က ပြသနာတွေကိုဖြေရှင်းရင်း"မန်နီ" ရင်ဆိုင်ရတဲ့ နောက်ထပ်ပြသနာတစ်ခုပေါ်လာတော့တယ် အဲ့တာကတော့ "မန်နီ"ကို ရှေးခေတ်သိုအချိန်ခရီးသွားစေတဲ့မှန်ကြီးဟာ စပြီးကွဲအက်ပျက်စီးလာတာပါပဲ 

"မန်နီ"အတွက် ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချရမယ့်အခြေအနေပေါ့ နောက်ဆုံးမှာ "မန်နီ" ဘာကိုရွေးချယ်မှာလဲ 

ရှေးခေတ်ကချစ်ရတဲ့သူနဲ့ပဲ သက်ဆုံးတိုင်နေထိုင်သွားမလား ...?

ပစ္စုပ္ပုန်ခေတ်သစ်ကိုပဲပြန်လာပြီး ပုံမှန်ဘဝနဲ့ပဲနေထိုင်သွားမလား?

ဆိုတာကို ပစ္စုပ္ပုန်နဲ့အတိတ်ခေတ်ကြားက ကွာခြားတဲ့ချစ်ခြင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို

Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော် 

(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translate by Khin Lae Lae Kyaw / ya mone Myint / Yu ki
Encoded By ตินต่อตาออง
Thai Drama Page မှ မြန်မာစာတန်းထိုး တင်ဆက်ပြသည်

EP 1

EP 2

Ep 3

mrga4up /Telegram

Ep -4

mega4up /Telegram

Ep - 5

mega4up /Telegram

Ep - 6

mega4up /Telegram

Ep - 7

Telegram/mega4up

Ep -8

Telegram/mega4up

Ep- 9

mega4up/Telegram

ep 10

mega4up

ep 11

Telegram/mega4up

ep 12 

mega4up /Telegram

ep 13

Telegram /mega4up

ep 14

mega

ep 15

mega

ep 16

mega

ep 17

mega

ep 18

mega

No comments:

Post a Comment

Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

  Casts ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin  ဆပ် အဖြစ် Tee Thanapon Jarujitranon  ဝန် အဖြစ် Pop Thatchathon  ဇာတ်လမ်းအကျဉ်း ...