Thursday, November 18, 2021

"မချစ်ရတဲ့မောင်လေး" ongoing series

 





#Casts
Ai အဖြစ် James Jirayu Tangsrisuk 
Carat အဖြစ် Anne Thongprasom
Mark အဖြစ် Sam Yuranunt Pamornmontri
Chakrit အဖြစ် Dom Haetrakul
Venice အဖြစ်Pear Pitchapa Phanthumchinda 

ဇာတ်လမ်းအကျဉ်း

"Carat" ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်း Chakrit ထက် သြဇာအာဏာပိုကြီးပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ် တစ်နေ့မှာ ခင်ပွန်းဖြစ်သူChakritဟာ သူ့ရဲ့အတွင်းရေးမှူးနဲ့ဖောက်ပြန်ပြီး သူမကို ကွာရှင်းရန် တောင်းဆိုခဲ့ပါတော့တယ်   

Venice ကတော့  Caratနဲ့ လုပ်ငန်းခွင်မှာပြိုင်ဘက်တွေပေါ့နော် ဒါပေမဲ့ Carat ရဲ့အချစ်ရေးမှာတော့ Venice က Caratဘက်ကရှိနေခဲ့သူပါ

 Ai ကတော့ စတုတ္ထနှစ် ကျောင်းသားတစ်ဦး ဖြစ်ပြီး Chakrit နဲ့ ကွာရှင်းနေဆဲမှာ  Caratနဲ့ တွေ့ဆုံခဲ့ပါတယ်  အဲ့အချိန်မှာ Aiတစ်ယောက် Caratကို ကူညီပေးခဲ့ပါတယ်

ဒါပေမဲ့ အလုပ်သင်လာလျှောက်တဲ့ Ai ဟာမထင်မှတ်ဘဲCaratရဲ့လက်ထောက်ဖြစ်လာခဲ့တဲ့အခါမှာ..... 

ဒီလိုနဲ့ ချစ်ခြင်းတရားတိုမည်သည် အသက်အရွယ်အပိုင်းအခြားနဲ့လားလားမှမဆိုင်ဆိုတဲ့အတိုင်းပဲ အလုပ်သင်လေး Ai ဟာ ရင့်ကျက်တည်ငြိမ်တဲ့ စီနီယာမမCaratကိုချစ်မိသွားသတဲ့ 💗

ဒါပေမဲ့ ခင်ပွန်းသည်နဲ့ကွာရှင်းပြတ်ဆဲအပြီးမှာ ထက်မြက်တဲ့မမCaratကို သူမရဲ့ဘော့စ်Mark အပါအဝင် ပိုပန်းတဲ့အမျိုးသားတွေဝိုင်းဝိုင်းလည်နေတာမို Aiတစ်ယောက် သူ့အချစ်တွေကိုဖွင့်ဟဖိုအခွင့်သာပါ့မလား 

အသက် 20 နှစ်ကျော် ကွာခြားလွန်းတဲ့ မောင်လေးနဲ့မမတိုကြား ရိုမန့်တစ်ဆန်တဲ့ချစ်ခြင်းတစ်စုံပေါက်ဖွားလာလေမလားဆိုတာ Thai Drama Page မှာ စောင့်မျှော်အားပေးပါအုံးနော်.....💖
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )
Translate by Thai Drama Teams
Timing by Pan ka lay /Khin Lae lae Kyaw
Encoded By 띤또다아우
Thai Drama Page မှ Ongoing အမှီ မြန်မာစာတန်းထိုး  တင်ဆင်ပြသသည်




No comments:

Post a Comment