Friday, November 19, 2021

"ကိုလူချော(၄)ယောက်ရဲ့ကြင်ယာဖက်" F4 Thailand Version ongoing series

 





ခေတ်အဆက်ဆက် အောင်မြင်မှုတွေများစွာဆွတ်ခူးခဲ့တဲ့ ပရိတ်သတ်တိုရင်ထဲက F4 Thailand Version ကို မင်မင်တိုTDPမှ ထိုင်းမှာပြပြီးနောက်နေ့ Ongoing အမှီ မြန်မာစာတန်းထိုး တင်ဆက်ပေးသွားမယ်နော် ကြည့်ဖိုရယ်ဒီပဲမလား 😘

#Casts
Gorya အဖြစ်Tu Tontawan Tantivejakul
Thyme အဖြစ် Bright Vachirawit Chivaaree
Kavin အဖြစ် Win Metawin Opas-iamkajorn
M.J. အဖြစ် Nani Hirunkit Changkham
Ren အဖြစ် Dew Jirawat Sutivanichsak

ဇာတ်လမ်းအကျဉ်း

" Gorya"ဆိုတဲ့ ကောင်မလေးဟာ ဆင်းရဲပေမဲ့ မဟုတ်မခံကြိုးစားလိုစိတ်အပြည့်ရှိတဲ့ ခပ်စွာစွာသူဆင်းရဲမလေးပါ ကံကောင်းစွာဖြင့် Goryaတစ်ယောက်ဟာ  ချမ်းသာတဲ့မျိုးရိုးကြီးကသူသူဌေးသားသမီးတွေသာ တက်ရောက်ကြတဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုတွင် တက်ရဖိုအခွင့်ထူးရခဲ့ပါတယ် ဒါပေမဲ့ ဒါဟာအရမ်းကိုဆိုးရွားတဲ့ကံဆိုးမှုတစ်ခုဖြစ်လိမ့်မယ် ဘယ်သူထင်မလဲနော်.....

အဲ့ဒီနာမည်ကြီးကျောင်းကို ရုပ်ရည်ရူပကာအရမ်းချောမောပြီး အကျင့်ပျက်သော သူဌေးသားကိုလူချော(၄)ယောက်ပါဝင်တဲ့ F4 ဟု လူသိများသောအဖွဲကအုပ်ချုပ်ပါတယ်  လူချမ်းသာတွေချည်းတက်တဲ့ကျောင်းမှာဆင်းရဲလွန်းတာဟာအပြစ်တစ်ခုလိုဖြစ်ခဲ့တာကြောင့် Goryaကို အားလုံးကဝိုင်းအနိုင်ကျင့်ကြသတဲ့ အထူးသဖြင့် F4အဖွဲခေါင်းဆောင် Thymeဆီမှာ နည်းမျိုးစုံနဲ့အနိုင်ကျင့်ခံရပါတော့တယ်

ဒါပေမဲ့ မဟုတ်မခံစွာတေးလန်မလေးGoryaဟာ လုံးဝအညံ့မပေးဘဲ Thymeနဲ့ထိပ်တိုက်ရင်ဆိုင်နိုင်တာကြောင့် Thymeရဲ့စိတ်ဝင်စားမှုကိုရရှိသွားပါတော့တယ် ဒါပေမဲ့ Goryaကတော့ Thymeကို ဘဝင်လေဟပ်တဲ့သူဌေးသားလိုပဲမြင်ပြီး အနိုင်ကျင့်ခံရတိုင်းဖေးမကူညီပေးတဲ့ F4အဖွဲရဲ့အဖွဲဝင်Renကိုပဲ ကြိတ်ကြွေနေပါတော့တယ် ဒါပေမဲ့လည်း Renကတော့ သူ့ရဲ့အတိတ်ကငယ်ချစ်ဦးကိုပဲစွဲလမ်းနေတဲ့သူပါ 

ဒီလိုနဲ့ ပရမ်းပတာနိုင်လွန်းတဲ့ကျောင်းတော်ကြီးမှာ Goryaတစ်ယောက် F4အဖွဲနဲ့ ဘယ်လိုတွေနှစ်ပါးသွားမလဲ နောက်ဆုံးမှာ စတွေ့ကတည်းက တစ်စက်မှကြည့်မရတဲ့ Thymeကိုပဲချစ်မိသွားမလား ဒါမှမဟုတ် Crushနေတဲ့ Renရဲ့ပြန်လည်သဘောကျခြင်းကိုခံရမလား ပြီးတော့ အမိုက်စားF4အဖွဲက ကိုလူချော(၄)ယောက်ရဲ့ကြင်ယာဖက်တွေကရော ဘယ်သူတွေဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာခံစားကြည့်ရှုရမှာမို......Thai Drama Page မှာ စောင့်မျှော်အားပေးပါအုံးနော်💓
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

1 comment: