Followers

Sunday, December 12, 2021

" မေတ္တာရိပ်ခြုံမှပွင့်ဖူးမယ့်ပန်း "



Casts


Chartsiam Surabordin အဖြစ် Smart Krissada Pornweroj

Kom Roongprai အဖြစ် Taew Natapohn Tameeruks

Rangsan Rattanadechakorn အဖြစ် Nok Chatchai Plengpanich

Bunga Rattanadechakorn အဖြစ် Donut Manatsanun Panlertwongskul

Pailin Rattanadechakorn အဖြစ် Chalida Thaochalee


ဇာတ်လမ်းအကျဉ်း


ဒီဇာတ်လမ်းလေးကတော့ အတိတ်မေ့နေသော မိခင် Kae နှင့် ကြီးပြင်းလာရသော သနားစရာကောင်မလေး Kom အကြောင်းပေါ့နော်


Komတိုသားအမိနှစ်ယောက်ကို ကျောင်းပိုင်ရှင်ဖြစ်သည့် Kru Sompon မှ ကူညီပံပိုးပေးထားပါတယ်  Kru Sompon က သူ့အကိုကြီးအတွက် ပါတီပွဲလုပ်တဲ့နေ့မှာ Kae မူးလဲသွားခဲ့ပြီး Pit Roongpraiဆိုသူနဲ့တွေ့ကာ အရာအားလုံးကို  ပြန်မှတ်မိသွားခဲ့ပါတယ် ဒါကြောင့်မို  Kae မသေခင်မှာ Kom ကို Pitလက်ထဲမှာ အပ်ထားခဲ့ပါတော့တယ် Kaeရဲ့ အသုဘအခမ်းအနားပြီးတာနဲ့ Pit က Kom ကို ဘန်ကောက်ကို ခေါ်သွားပြီး Rangsan Rattanadechakorn လို အမည်ရတဲ့ သူငယ်ချင်းဆီမှာ သူ့(Rangsan)သမီး Ratirot နဲ့ Podjanee တိုနဲ့အတူ သူမကို စောင့်ရှောက်ပေးဖိုအပ်နှံထားခဲ့ပါတယ်


 ဒါပေမဲ့ တကယ်တော့ Rangsan နဲ့ သူ့မိန်းမBunga တိုဟာ Komကို မကြိုက်တဲ့အတွက် ကျွန်လိုမျိုး ဆက်ဆံကြပါတော့တယ်  Pit နိုင်ငံခြားကို ထွက်သွားပြီးတာနဲ့ သူဟာ Chartsiam Surabordin ဆိုတဲ့ အင်္ဂလန်မှာ ကျောင်းတက်နေတဲ့ ဆွေမျိုးငယ်တစ်ဦးကို သူတစ်ခုခုဖြစ်ရင် Kom ကို ပြုစုစောင့်ရှောက်ဖို စေလွှတ်လိုက်ပါတယ်  

 

Chartsiam က Kom ကို အရုပ်တစ်ရုပ်ပေးခဲ့ပြီး အဲ့အရုပ်လေးက Komအတွက် အထင်ကြီးသွားစေခဲ့ပါတယ် Pit တစ်ယောက် နိုင်ငံခြားမှာ သေဆုံးသွားပြီး Kom အတွက်သေတမ်းစာ ချန်ထားခဲ့ပါတယ် Chartsiam ပြန်လာသောအခါ သူဟာ Kom ကို အဝေးမှ ဂရုစိုက်သော်လည်း Pit အကြောင်း သူမအား ပြောပြရန် ငြင်းဆန်ခဲ့ပါတယ်

Pit က Kom ကို Rangsan ဆီမှာ အပ်နှံခဲ့ရတာက ဘာကြောင့်လဲ 

သေတမ်းစာထဲမှာ လူတွေမသိကြတဲ့လျှိဝှက်ချက်ကဘာများဖြစ်မလဲ


 Bunga ကတော့ လူငယ်လေး Chartsiamဆီ မကြာခဏ လာပြီး ရင်းနှီးဖို ကြိုးစားခဲ့ပေမယ့် လူငယ်လေးက သူ့မှာ ချစ်သူရှိနေပြီဖြစ်လို ဂရုမစိုက်ခဲ့ပါဘူး နောက်ဆုံးမှာ Chartsiam နှင့် Kom တိုကြားမှာ အချစ်များ ပွင့်လန်းလာခဲ့ပါတော့တယ်  ဒါပေမယ့် သူတိုနှစ်ယောက်အတွက် မဖြစ်သင့်တဲ့ ဒီတားမြစ်ထားတဲ့ ချစ်ခြင်းတစ်စုံဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော် 

 (ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translated by Aye Myat Thu

Edited by Pan ka lay

Encoded By ตินต่อตาออง

Thai Drama Page မှ မြန်မာစာတန်းထိုးတင်ဆက်ပြသသည်

ep 1 mega

ep 2 mega /Telegram

ep 3 mega


No comments:

Post a Comment

Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

  Casts ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin  ဆပ် အဖြစ် Tee Thanapon Jarujitranon  ဝန် အဖြစ် Pop Thatchathon  ဇာတ်လမ်းအကျဉ်း ...