Followers

Friday, January 7, 2022

မုန်း‌ငွေ့ထက်က အချစ်ဆိပ်




ဒီဇာတ်ကားလေးကတော့ လူတစ်ယောက်နဲ့တစ်ယောက် မနာလိုမုန်းတီးတာတွေ ဝန်တိုတာတွေ
ကလဲ့စားချေချင်တဲ့ စိတ်တွေကြောင့် ဖြစ်လာမယ့်အရာတွေကို ထင်ရှားအောင်ရိုက်ပြထားတဲ့ကားလေး တစ်ကားပါ ။

ဇာတ်လမ်းလေးကတော့.... 
အဖေတူ အမေကွဲညီအစ်မတွေဖြစ်တဲ့ Urawee (Wee) နဲ့ Unthiga (Oun)တိုနှစ်ယောက်ဟာ
အဖေဖြစ်သူရဲ့ fashion ဒီဇိုင်းကုမ္ပဏ္ဏီတစ်ခုမှာ အလုပ်တူတူလုပ်တဲ့အခါ...

တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်းပြိုင်ဆိုင်နေခဲ့ကြပါတယ်။

Ounတစ်ယောက် နိုင်ငံခြားက ပြန်လာရင်း လမ်းမှာ မတော်တဆတွေ့ခဲ့တဲ့
Ampuကို စိတ်ဝင်စားခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ Ampuဆိုတဲ့လူချောလေးက Ounနဲ့ Wee တိုအလုပ်လုပ်တဲ့ Fashion Design ကုမ္ပဏ္ဏီကိုရောက်လာခဲ့ပါတယ်။

Ampuဆိုတာကတော့ နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်။

Weeမှာ အရမ်းချစ်ရတဲ့ ငယ်ငယ်လေးတည်းကပေါင်းလာတဲ့ ချစ်သူ Anik ဆိုတဲ့သူရှိတယ်။
Weeနဲ့ Anik ကြားကို Ounက ဝင်ရှုပ်တဲ့အခါ 
Weeနဲ့ Anikတို လမ်းခွဲခဲ့ရတယ် ။

Oun က Anik နဲ့ ဘယ်လိုတွေရှုပ်လို 
Weeနဲ့ လမ်းခွဲခဲ့ရတာလဲ

Oun က Ampuကိုသဘောကျနေသလို Ampuက Wee ကို သဘောကျနေခဲ့ပါတယ်။

မထင်မှတ်ဘဲ Oun က Anikနဲ့လက်ထပ်လိုက်ရသလို Ampuကလည်း Wee နဲ့လက်ထပ်လိုက်တယ် ။


Ounတစ်ယောက် သူချစ်တဲ့ Ampuကိုရအောင်ဘယ်လိုပြန်ယူမလဲ။
Ampuကရော Oun ကိုဘယ်လိုတုန့်ပြန်မလဲ

Weeနဲ့ Ounတို ညီမနှစ်ယောက်ကြားက အမုန်းတွေကရော ဘယ်လိုကျေအေးသွားမလဲဆိုတာကိုတော့ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းလေးထဲမှာပဲ
ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်....

Storyline by Pan ka lay
Translate and Timiming by Pan Ka Lay
Encoded By ตินต่อตาออง
Thai Drama Page မှ မြန်မာစာတန်းထိုး တင်ဆက်ပြသည်


 

No comments:

Post a Comment

Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

  Casts ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin  ဆပ် အဖြစ် Tee Thanapon Jarujitranon  ဝန် အဖြစ် Pop Thatchathon  ဇာတ်လမ်းအကျဉ်း ...