Followers

Friday, January 7, 2022

Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

 




Casts
ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin 
ဆပ် အဖြစ် Tee Thanapon Jarujitranon 
ဝန် အဖြစ် Pop Thatchathon 

ဇာတ်လမ်းအကျဉ်း

ဒီရုပ်ရှင်လေးကတော့ ကိုယ့်ရပ်ကိုယ့်ရွာကျေးတောဒေသကိုငြီးငွေ့ကာ ဘန်ကောက်သားအမိုက်စားလေးကိုမှ ချစ်သူတော်ချင်လှပါတဲ့ "ဆွန်ပိုင်"ဆိုတဲ့ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော် ဒါနဲ့ ဆွန်ပိုင်ကတော့ အရမ်းကိုသိမ်မွေ့လှတဲ့မိန်းကလေးမျိုးတော့မဟုတ်ပါဘူး😁 

တစ်နေ့မှာ သူမရဲ့စိတ်ကူးထဲကအတိုင်းအမိုက်စားဘန်ကောက်သားလေးနဲ့အမှတ်မထင်ဆုံမိရာက မြင်မြင်ချင်းကြွေဆင်းသွားပါတော့တယ် အဲ့ဒီကောင်လေးကတော့ "ဝန်"လိုအမည်ရပြီး ဆွန်ပိုင်တိုရဲ့ကျေးလက်မှာ သာယာတဲ့ရှုခင်းပုံတွေကိုရိုက်ကူးဖိုရောက်လာတဲ့ ဓာတ်ပုံဆရာလေးပါ 

ကဲ ဒါဆို ဘန်ကောက်သားကိုအမိုက်ဖမ်းမယ့်မိဆွန်ပိုင်ကတော့ ဝန် သူ့ကိုစိတ်ဝင်စားလာအောင် ဘယ်လိုမိန်းမမာယာတွေသုံးပြီး ဆွဲဆောင်မလဲ 
ပြီးတော့ ဆွန်ပိုင်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲမှာဝင်ရောက်လာမယ့်
ကောင်လေးနောက်တစ်ယောက်ကကော ဘယ်သူဖြစ်မလဲ....
"ဆွန်ပိုင်"က ကော သူမရဲ့စိတ်ကူးထဲကအမိုက်စားဘန်ကောက်သားလေးနဲ့ညားပြီး ဘန်ကောက်မြိုကြီးကိုပဲပြောင်းသွားရမလား ကျေးတောသူအဖြစ်ပဲဆက်နေသွားမလားဆိုတာကို ရိုဆန်ဆန်လေးနဲ့ ဟာသနှောပြီးကြည့်ရမယ့်ကားကောင်းလေးမို Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော် 
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translate and Timiming by  Khin Lae Lae  Kyaw 
Encoded By ตินต่อตาออง
Thai Drama Page မှ မြန်မာစာတန်းထိုး တင်ဆက်ပြသည်



မုန်း‌ငွေ့ထက်က အချစ်ဆိပ်




ဒီဇာတ်ကားလေးကတော့ လူတစ်ယောက်နဲ့တစ်ယောက် မနာလိုမုန်းတီးတာတွေ ဝန်တိုတာတွေ
ကလဲ့စားချေချင်တဲ့ စိတ်တွေကြောင့် ဖြစ်လာမယ့်အရာတွေကို ထင်ရှားအောင်ရိုက်ပြထားတဲ့ကားလေး တစ်ကားပါ ။

ဇာတ်လမ်းလေးကတော့.... 
အဖေတူ အမေကွဲညီအစ်မတွေဖြစ်တဲ့ Urawee (Wee) နဲ့ Unthiga (Oun)တိုနှစ်ယောက်ဟာ
အဖေဖြစ်သူရဲ့ fashion ဒီဇိုင်းကုမ္ပဏ္ဏီတစ်ခုမှာ အလုပ်တူတူလုပ်တဲ့အခါ...

တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်းပြိုင်ဆိုင်နေခဲ့ကြပါတယ်။

Ounတစ်ယောက် နိုင်ငံခြားက ပြန်လာရင်း လမ်းမှာ မတော်တဆတွေ့ခဲ့တဲ့
Ampuကို စိတ်ဝင်စားခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ Ampuဆိုတဲ့လူချောလေးက Ounနဲ့ Wee တိုအလုပ်လုပ်တဲ့ Fashion Design ကုမ္ပဏ္ဏီကိုရောက်လာခဲ့ပါတယ်။

Ampuဆိုတာကတော့ နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်။

Weeမှာ အရမ်းချစ်ရတဲ့ ငယ်ငယ်လေးတည်းကပေါင်းလာတဲ့ ချစ်သူ Anik ဆိုတဲ့သူရှိတယ်။
Weeနဲ့ Anik ကြားကို Ounက ဝင်ရှုပ်တဲ့အခါ 
Weeနဲ့ Anikတို လမ်းခွဲခဲ့ရတယ် ။

Oun က Anik နဲ့ ဘယ်လိုတွေရှုပ်လို 
Weeနဲ့ လမ်းခွဲခဲ့ရတာလဲ

Oun က Ampuကိုသဘောကျနေသလို Ampuက Wee ကို သဘောကျနေခဲ့ပါတယ်။

မထင်မှတ်ဘဲ Oun က Anikနဲ့လက်ထပ်လိုက်ရသလို Ampuကလည်း Wee နဲ့လက်ထပ်လိုက်တယ် ။


Ounတစ်ယောက် သူချစ်တဲ့ Ampuကိုရအောင်ဘယ်လိုပြန်ယူမလဲ။
Ampuကရော Oun ကိုဘယ်လိုတုန့်ပြန်မလဲ

Weeနဲ့ Ounတို ညီမနှစ်ယောက်ကြားက အမုန်းတွေကရော ဘယ်လိုကျေအေးသွားမလဲဆိုတာကိုတော့ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းလေးထဲမှာပဲ
ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်....

Storyline by Pan ka lay
Translate and Timiming by Pan Ka Lay
Encoded By ตินต่อตาออง
Thai Drama Page မှ မြန်မာစာတန်းထိုး တင်ဆက်ပြသည်


 

Monday, January 3, 2022

"ရေသူမလေးရဲ့ချစ်လုလင်" 2022 ongoing series



 
Casts
Khun Naraen အဖြစ် Golf Anuwat 
Anda အဖြစ်Jean Kewalin
Sinthu အဖြစ် Danai Charuchinta

ဇာတ်လမ်းအကျဉ်း

 ဒီဇာတ်လမ်းလေးဟာဆိုရင် လူသားနှင့် ရေသူမတို ကြားက ဆန်းကြယ်တဲ့ အချစ်ဇာတ်လမ်းလေးကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်

 "အန်ဒါ"ကတော့ မြောက်ဘက်သမုဒ္ဒရာရဲ့ ချော မောလှပလွန်းတဲ့ ရေသူမလေးပါ ရေသူမလေးအန်ဒါဟာ တောင်ဘက်သမုဒ္ဒရာရဲ့ ရေသူထီးဘုရင်ကြီး"စင်သူ"ရဲ့သိမ်းပိုက်ခြင်းမှလွတ်မြောက်ရန် ထွက်ပြေးခဲ့ရာမှ လူ့ပြည်သိုရောက်ရှိလာပြီး လူသား"ခွန်နရိန်"နဲ့တွေ့ဆုံခဲ့ပါတော့တယ်

 လူသားခွန်နရိန်ဆိုသူကတော့ တောင်ဘက်တွင် တူးမြောင်းတူးနေတဲ့ ပြင်သစ်အရာရှိကိုခစားဖို တာဝန်ပေးအပ်ခံရတဲ့သူပါ နရိန်ဟာ အန်ဒါကို လူဆိုးတွေလက်ထဲမှလွတ်မြောက်ရန် ကူညီပေးရာက သူတိုကြားမှာ ဆန်းကြယ်တဲ့ချစ်ခြင်းတစ်စုံပေါက်ဖွားလာခဲ့ပါတော့တယ်
 
ဒါပေမဲ့ လူသားနရိန်ဟာ "အန်ဒါ"က ရေသူမဆိုတာသိသွားခဲ့ရင်ကော  ဆက်ချစ်နိုင်ပါ့မလား ဒါမှမဟုတ် အန်ဒါတစ်ယောက် ရေသူထီးဘုရင်ကြီး"စင်သူ"ရဲ့ ဖမ်းဆီးခံရပြီး မတရားသိမ်းပိုက်ခံလိုက်ရမလားဆိုတာကို ရင်ခုန်စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော် 
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translated by Nang si Phong and Si phong

Encoded By ตินต่อตาออง

Thai drama page မွ Ongoing အမှီ မြန်မာစာတန်းထိုး တင်ဆက်ပြသသည်

ep 1 mm sub mega /Telegram

ep 2 mm sub mega /Telegram


 

Saturday, January 1, 2022

oh my god father (2020) mm sub





 

Pope Thanawat Wattanaputi  as  Got Kitattipoom
Sammy Cowel   as Pranee Cheevakul


ဒီဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Got ရယ် Prem ရယ် Biw ရယ် 
အဲ့ဒီလူသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

Got ကတော့မိဘမဲ့တစ်ယောက်ဖြစ်ပါတယ် ။
သူက စိတ်ချမ်းမြေ့ဖွယ်ရာနည်းနည်းလေးမှ မရှိတဲ့ သူ့ရဲ့ အဖေနဲ့ နဲ့နေထိုင်ပါတယ်။

Prem ကတော့ Got မပါဝင်ထားတဲ့ ယောကျာ်းလေး ၃ ယောက်ပါဝင်ထားတဲ့အုပ်စုကို ဦးဆောင်ရတဲ့ သူတစ်ယောက်ပေါ့။

ဒါပေမယ့် Got ရယ် Prem ရယ်က သူငယ်ချင်းတွေဖြစ်လာခဲ့တယ်။

ပြီးတော့ Biw မှာက ထူးခြားတဲ့ပင်ကိုယ်အရည်သွေး နှစ်ချက်ရှိတယ် ။
အဲ့ဒီ အရည်သွေး နှစ်ချက်က ဘာလဲ။
သူတိုသုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ရအောင်လားနော် ။

Storyline by Pan ka lay
ဘာသာပြန် - Yu waddy htet
Encoded By 띤또다아우
Thai Drama Page မှ မြန်မာစာတန်းထိုး တင်ဆက်သည်

Wednesday, December 29, 2021

the guardian 2021 movie vietnam

 





ဇာတ်လမ်းအကျဉ်း 

 "The Guardian"ဆိုတဲ့ဒီရုပ်ရှင်ဟာဆိုရင်
ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သော ထိတ်လန့်စရာရုပ်ရှင်ဖြစ်ပြီး Kumanthong ဆိုတဲ့အရုပ်အပေါ်မှာ ထိုင်း လူမျိုးတွေရဲ့ ယုံကြည်မှု လွှမ်းမိုးမှုအကြောင်း ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်ပါတယ်

 လူတိုင်းက Kumanthong ဟာ သူတို၏အလုပ်တွင် ပျော်ရွှင်မှု၊ အောင်မြင်မှုတိုကို ယူဆောင်လာပေးသည်ဟု ယုံကြည်ထားကြပါတယ် ဘဝ ၊ အချစ် ၊ မိသားစု နှင့် ချမ်းသာမှု စသည်ဖြင့် အရာရာမှာဆိုပါတော့....

 Phuong ဆိုတာက ရေပန်းအစားဆုံး အမျိုးသမီးအဆိုတော်များထဲမှ တစ်ဦးဖြစ်ပါတယ် သူမရဲ့ဆိုးရွားသောဗီဒီယို ပေါက်ကြားပြီးနောက် 
Phuongဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဆုံးဖြတ်လိုက်ပါတယ် ဘာလိုလဲဆိုတော့  အဲ့ဗီဒီယိုက Phuong ရဲ့ ကျော်ကြားမှုနှင့် စိတ်ဓာတ်တွေကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့တာကြောင့်ပါပဲ Phuong ရဲ့ နောက်ကွယ်မှ အဆိုတော် Lyဆိုသူကပဲ  ထိုနေ့က အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့ တစ်ဦးတည်းသောသူဖြစ်ပေမဲ့ ရဲကို 
သေဆုံးမှုနဲ့ပတ်သက်ပြီးဖြေဆိုရန် ငြင်းဆိုခဲ့ပါတယ်

 ၆လအကြာမှာ Ly သည် Kumanthong တွင် မှော်ဆရာထံ သွားရောက်ခဲ့ပါတော့တယ် Ly ဟာဆိုရင် နာမည်ကျော် အဆိုတော် ဖြစ်လာဖို သူမ လိုချင်သည့်အရာများကို Kumanthong အရုပ်က အောင်မြင်အောင် ကူညီပေးမည်ဟု ယုံကြည်ထားတဲ့အပြင် ယခင်နာမည်ကြီး အဆိုတော် Phuong ဟာလည်း Kumanthong ကြောင့် ကျော်ကြားလာတာဆိုပြီး ယုံကြည်ခဲ့ပါတယ် Ly ကတော့ ဘာကိုမှဂရုမစိုက်ပဲ အဲဒီ kumanthong ကြောင့် သူမ ဆန္ဒအတိုင်း အလုပ် ကျော်ကြားမှု နဲ့ အချစ်စတဲ့ အရာအားလုံးမှာ အဆင်ပြေလာခဲ့ပြီးနောက်  ထူးဆန်းတဲ့အရာတွေပါဖြစ်ပေါ်လာပါတော့တယ် 
 
Ly တစ်ယောက် Kumanthong ကို ယူဆောင်လာပြီးနောက် ဘယ်လိုထူးဆန်းမှုတွေဖြစ်လာတာလဲ 

Kumanthong က အဆိုတော် Phuong
သေဆုံးမှုနဲ့ရော ဆက်စပ်နေမလားဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာမို
Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော် 
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translate by yu nage
Encoded By 띤또다아우
Thai Drama Page မှ မြန်မာစာတန်းထိုးတင်ဆက်သည်




Miss Happy 2015 movie

 




ဒီကားလေးမှာတော့ Pancake က Peesukလိုအမည်ရတဲ့ ချစ်စရာကောင်းတဲ့အမျိုးသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Peesuk က သူမရဲ့အချစ်ဆုံးသူငယ်ချင်း Golfie ကို 
မကြာခဏ စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ Peesuk မှာ တစ်လအတွင်းသေဆုံးနိုင်ဖွယ်ရှိတဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါရှိနေကြောင်း တွေ့ရှိခဲ့ရတယ်။ 

Peesuk က သူမအသက်ရှင်ဖိုအတွက် နည်းလမ်းတွေကိုရှာဖွေကြည့်ရာ Jitpanu Klomkaew မှ Tul ကဖန်တီးထားသည့် Youtube ဗီဒီယိုတစ်ခုကို တွေ့ခဲ့တယ်။

Tul ရဲ့ဗီဒီယိုမှာ ကခုန်ခြင်းက အသက်ရှင်နေနိုင်တယ် လိုပြောထားတာကို တွေ့ရှိခဲ့တယ်။ 

သူမရဲ့ တစ်လအတွင်းသေရမယ်ဆိုတဲ့ ရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသမလဲ။

သူမကရော တကယ်ပဲ တစ်လအတွင်း သေဆုံးရမှာလား ...
Peesuk တစ်ယောက်ပျော်ရွှင်ခြင်းအစစ်မှန်ကိုရှာတွေ့ပါမလားဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ရအောင်နော်

Story line by Aye Maw

Translate by  Yu waddy Htet
Encoded By 띤또다아우
Thai Drama Page မှ မြန်မာစာတန်းထိုးတင်ဆက်သည်



Saturday, December 25, 2021

တဖန်ချစ်ခွင့်လေး

 


Cast


ဇာတ်လမ်းအကျဉ်း 

Jane နဲ့ Win က အရမ်းချစ်ရတဲ့ချစ်သူတွေဖြစ်ပြီး တစ်နေ့မှာ မထင်မှတ်တဲ့မတော်တဆတစ်ခုကြောင့်  Win ဟာ သေဆုံးသွားခဲ့ရပါတယ်  

ချစ်ရသူကိုဆုံးရှုးလိုက်ရတဲ့ Janeတစ်ယောက် အတိုင်းအဆမရှိပူဆွေးသောကပင်လယ်ဝေနေချိန်မှာပဲ မမျှော်လင့်ဘဲ ထူခြားစွမ်းအင်တစ်မျိုးကိုပိုင်ဆိုင်လိုက်ရပါတော့တယ် 

အဲ့စွမ်းအင်ကြောင့် Winဟာတဖန်ပြန်လည်အသက်ရှင်ခွင့်ရခဲ့ပေမဲ့ သူ့ဘဝထဲကအရမ်းချစ်ရတဲ့သူဖြစ်တဲ့Janeကိုတော့ လုံးဝမေ့ပျောက်သွားခဲ့ချိန်မှာတော့......

Winရဲ့မေ့ပျောက်နေတဲ့အတိတ်ကချစ် ခြင်းတွေကို Janeတစ်ယောက်ဘယ်လိုကြိုးစားပြီး တဖန်ပြန်လည်ချစ်လာအောင်လုပ်မလဲ 

နောက်ဆုံးမှာ Jane နဲ့ Winတို ဘယ်လိုအဆုံးသတ်မလဲ ချစ်ခြင်းနဲ့လား သူစိမ်းတွေအဖြစ်လား 

Winရဲ့သေဆုံးမှုကရောတကယ်ပဲမတော်မဆလား နောက်ကွယ်မှာ ကြံစည်ထားတဲ့မသမာသူရှိနေခဲ့တာလားဆိုတာကို Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော် 
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translate by Yu waddy Htet /Nang eaindray Khin/ya mone myint / Aung paig phyo / Myat Thu
 Encoded By 띤또다아우
Thai Drama Page မှ မြန်မာစာတန်းထိုးတင်ဆက်ပြသသည်


ep 1 mega
ep 2 mega

ep 4 mega



Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

  Casts ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin  ဆပ် အဖြစ် Tee Thanapon Jarujitranon  ဝန် အဖြစ် Pop Thatchathon  ဇာတ်လမ်းအကျဉ်း ...