Followers

Wednesday, August 18, 2021

မာယာများသောချစ်ခြင်း



 Casts
Nune Woranuch as Tian Yodfah

Donut Phattharapon as Mok

Kelly Rattapong Tanapa as Sak

Pupe Kessarin Noiphueng as Baibua / "Bua"

Jeab Sopitnapa as Chaba

ဇာတ်လမ်းအကျဉ်း 

Tian Yodfah ဆိုတဲ့ အမျိုးသမီးဟာ သိပ်ကိုရှက်ကြောက်အိန္ဒြေကြီးပြီးရည်မွန်တဲ့မိန်းမကောင်းတစ်ယောက်ပါ ဒါပေမဲ့ ဒီနာမည်ဂုဏ်သတင်းဟာ Sakဆိုတဲ့တစ်ကိုယ်ကောင်းဆန်တဲ့ယောကျ်ားကြောင့် တစ်မြိုလုံးမှာရစရာမရှိအောင်စုတ်ပြတ်ပြီး အရာအားလုံးပျက်စီးသွားခဲ့ရပါတယ် 

Sak ဆိုသူကတော့ တော်ဝင်မိသားစုနဲ့နေတဲ့ မိဘမဲ့တစ်ယောက်ပါ
သူဟာ Tian အပေါ် ကြင်နာပြကောင်းပြပြီး သူမရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် ဒါပေမဲ့ တကယ်တော့ သူ့မှာ Chaba ဆိုတဲ့မယားကြီးရှိနေပြီးသမီး၂ယောက်ပါရှိနေခဲ့တာပါ ဒါကို Tianတစ်ယောက်လုံးဝမသိခဲ့ဘဲ သူ့ရဲ့အချစ်နွံထဲစုံလုံးဝင်ရောက်သွားပါတော့တယ်

Sak နဲ့ Tianတိုမင်္ဂလာဆောင်တဲ့နေ့မှာ Sakရဲ့မယားကြီးဖြစ်သူ Chabaဟာ မင်္ဂလာပွဲကိုဖျက်ဖိုရောက်လာတဲ့အခါ Tianအပါအဝင်
လူတိုင်းထိတ်လန့်သွားပါတော့တယ် အဲ့ကိစ္စကြောင့်ပဲ Tianရဲ့အဖေဟာနှလုံးရောဂါရပြီးဆုံးသွားရတဲ့အပြင် အမေကလည်းအကြောသေသွားတဲ့အဖြစ်ရောက်ခဲ့ရပါတော့တယ် တစ်မြိုလုံးလူတွေကလည်း Tianကို "လင်ခိုးမ"လိုသမုတ်ပြီး အရှက်ခွဲကြတာပေါ့

"Mok"ဆိုတဲ့လူငယ်လေးကတော့ Tianအပေါ် တကယ်ကိုကြင်နာပြီးကာကွယ်ပေးတဲ့အစေခံကောင်လေးတစ်ယောက်ပါ 

မိခင်ရဲ့စကားကြောင့် Tian ဟာ အစေခံကောင်လေးMokနဲ့အတူ Sak နဲ့ Chabaကို တောင်းပန်ဖိုသွားခဲ့ပေမဲ့ လက်မခံတဲ့အပြင် ညှင်းပန်းနှိပ်စက်ပြီးနှင်ထုတ်ခံလိုက်ရပါတယ် 

နောက်ဆုံးတော့ Tian တစ်ယောက် အတိုင်းအဆမရှိအာဃာတတွေပွားကာ Sak နဲ့ Chabaကို လက်စားချေဖိုကြံစည်ပါတော့တယ် 
Sak နဲ့ Chabaတိုရဲ့ သမီးတွေဟာ Tianရဲ့လက်စားချေမယ့်ပစ်မှတ်တွေပေါ့ ရန်သူကိုလက်စားချေဖို  အစီအစဉ်တစ်ခုအဖြစ် Mokဆိုတဲ့  အစေခံကောင်လေးကို အသုံးချပါတော့တယ်

လက်စားချေလိုစိတ်တွေလွန်ကဲနေတဲ့ Tianတစ်ယောက် သူမရဲ့အစီအစဉ်အောင်မြင်မလား...ဒီစိတ်ကြောင့် သူမကိုယ်တိုင်ပဲပျက်စီးသွားရလေမလားဆိုတာကို Thai Drama Page မှာ စောင့်မျှော်အားပေးပါအုံးနော်.....🔥🔥🔥
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translated by Nang si Phong and Si phong

Encoded By ตินต่อตาออง

Thai drama page မှ မြန်မာစာတန်းထိုး တင်ဆက်ပြသသည်

အပိုင်း ၁

Telegram (480p)/mega4up

အပိုင်း ၂

mega4up /Telegram

အပိုင်း ၃

mega4up

အပိုင်း ၄

mega4up

အပိုင်း ၅

mega

အပိုင်း ၆

Telegram /mega

အပိုင်း ၇

mega /Telegram

အပိုင်း ၈

mega

No comments:

Post a Comment

Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

  Casts ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin  ဆပ် အဖြစ် Tee Thanapon Jarujitranon  ဝန် အဖြစ် Pop Thatchathon  ဇာတ်လမ်းအကျဉ်း ...