Followers

Sunday, August 29, 2021

" တမ်းတမိတဲ့ငယ်ချစ်ဦးလေး "


Casts
Kevin အဖြစ် Pae Arak Amornsupasiri
Ploypailin အဖြစ် Fang Dhanantorn Neerasingh

ဒီတစ်ခါမှာတော့ နာမည်ကြီး Kdrama "she was pretty"ကို Thai Version remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့
" တမ်းတမိတဲ့ငယ်ချစ်ဦးလေး" ထိုင်းဇာတ်လမ်းတွဲကို မြန်မာစာတန်းထိုးနဲ့ တင်ဆက်သွားမှာပါ
ဇာတ်လမ်းအကျဉ်း
လူတိုင်းနီးပါးမှာ အချစ်ဦးလို့ဆိုလိုက်တာနဲ့ ပြေးမြင်မိတတ်တဲ့ အဖိုးတန်လူသားလေးတစ်ယောက်တော့ရှိဖူးကြမှာပါ မှန်ပါတယ် ဒီကားထဲက Kevin ဆိုတဲ့ ကောင်လေးအတွက်လည်း အဲ့လိုအဖိုးတန်အချစ်ဦးတစ်ယောက်ရှိခဲ့ဖူးသတဲ့
" Kevin " ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်တုန်းက ရုပ်ဆိုးဝတုတ်ခဲ့တာကြောင့် အတန်းဖော်တွေရဲ့ အထင်သေးအနိုင်ကျင့်ခြင်းခံရခဲ့ရသူလေးပါ
ဒါပေမဲ့ " Ploypailin " ဆိုတဲ့ ကောင်မလေးကတော့ သူ့ကိုကယ်တင်ပေးခဲ့ပြီး နွေးထွေးကြင်နာမှုတွေပေးခဲ့ရှာတယ် အဲ့အချိန်ကတည်းက " Kevin " ဟာ " Ploypailin " ကို ချစ်မိနေခဲ့တယ်ဆိုပါတော့
" Ploypailin " ဆိုတာကတော့ အတန်းထဲကောင်လေးတွေရဲ့အသည်းစွဲအလှပဂေးလေးပါ ရုပ်လှရုံသာမက စိတ်ထားကလေးကပါဖြူစင်ပြီး ပြည့်စုံကြယ်ဝတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်မလေးပေါ့
ဒါပေမဲ့ ကံကြမ္မာဆိုတာမျိုးက လူသားတွေကို လှည့်စားကျီစယ်တတ်သတဲ့ အရာရာပြီးပြည့်စုံနေတဲ့ " Ploypailin " တစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ဘဝတစ်ခုလုံးပြောင်းပြန်လှန်သွားခဲ့ရတော့တယ်
" Ploypailin " တို့ရဲ့ မိသားစုဟာ စီးပွားရေးအရှူံးပေါ်ပြီးဒေဝါလီခံလိုက်ရတဲ့အခါမှာတော့.....
ရက်စက်တဲ့ကံတရားအလှည့်အပြောင်းမှာ " Ploypailin " တစ်ယောက် ရုန်းကန်လှုပ်ရှားရင်း နဂိုရှိခဲ့တဲ့ထည်ဝါလှပမှုတွေအကုန်အကျည်းတန်ပြီး ရုပ်ဆိုးမကလေးဖြစ်သွားပါတော့တယ်
" Kevin " ကတော့ ခန့်ညားချောမောတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးဖြစ်လာခဲ့ပါတယ် လက်ရှိမှာ နာမည်ကြီးမဂ္ဂဇင်းကုမ္ပဏီရဲ့တည်းဖြတ်သူအဖြစ် အလုပ်လုပ်နေသူပေါ့
" Ploypailin " ကတော့ " Kevin "လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သင်ဖြစ်လာခဲ့တယ် ဒါပေမဲ့ အလုပ်မှာလွဲချော်မှုတွေလုပ်မိရင်း ကုမ္ပဏီမှာ စီနီယာဖြစ်နေတဲ့ " Kevin " ဆီမှာ ခဏခဏအဆူခံထိတော့တယ်
ကုမ္ပဏီတစ်ခုတည်းမှာအလုပ်အတူတူလုပ်နေကြပေမဲ့ အလုပ်မှာ ခဏခဏလွဲချော်မှုတွေလုပ်တတ်တဲ့ Ploypailin ဟာ သူ့အသည်းထဲစွဲနေတဲ့ငယ်ငယ်တုန်းကသူ့ရဲ့အချစ်ဉီးဖြစ်နေတာကို Kevin သိသွားပါ့မလား ငယ်စဉ်တုန်းနဲ့ခုချိန်မှာ မိုးနဲ့မြေလိုကွာခြားသွားတဲ့ အချစ်ဦးကိုရော Kevin က အရင်လိုချစ်မြဲချစ်နေအုံးမှာလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမှာမို့ စောင့်မျှော်အားပေးကြပါအုံးနော်
(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae Kyaw ပါ )

Translate by Nang Aeindray Khin / yu waddy htet
Timing by     pan ka lay / Khin Lae Lae Kyaw
Encoded By 띤또다아우
Thai Drama Page မှ Ongoing အမှီ မြန်မာစာတန်းထိုး တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်

Ep -1

Ep - 2

Ep - 3

Ep - 4
Thailand version
Ep -1
Ep -2
Ep -3
Ep- 4
Ep - 5
Ep - 7

Ep - 8


Ep - 9


Ep - 10


Ep -11

Ep 12

Ep 13

Ep 14

Ep 15

Ep 16

Ep 17

Ep 18

Ep 19

Ep 20

Ep 21

Ep 22

Ep 23

Ep 24 end

No comments:

Post a Comment

Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

  Casts ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin  ဆပ် အဖြစ် Tee Thanapon Jarujitranon  ဝန် အဖြစ် Pop Thatchathon  ဇာတ်လမ်းအကျဉ်း ...