Followers

Saturday, November 27, 2021

လှည့်စားတတ်သော ကျားမာယာ

 


Cast

ဇာတ်လမ်းအကျဉ်း 


"ကုမ်ပေါ့"ဆိုတာက ဘားပိုင်ရှင်သူဌေးကြီး"ကစေရတ်"ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး USမှာနေတဲ့သူပါ တစ်နေ့မှာ သူ့အဖေရဲ့စျာပနကြောင့် ထိုင်းကိုပြန်လာခဲ့ရပါတယ် ဒါပေမဲ့ ထိုင်းရောက်ရောက်ချင်း အဖေ ဖြစ်သူရဲ့သေတမ်းစာကြောင့် မကျေနပ်ဖြစ်သွားပါတော့တယ် ဘာလိုလဲဆိုတော့ သေတမ်းစာထဲမှာ ဘာမှသွေးမတော်သားမစပ်တဲ့ "နမ်နိန်"ဆိုတဲ့သူစိမ်းကောင်မလေးကို အမွေအဖြစ်ငွေတွေအမြောက်အမြားပေးပစ်ခဲ့တာကြောင့်ပါ


တကယ်တော့ "ကုမ်ပေါ့"အဖေနဲ့  "နမ်နိန်"အဖေတိုဟာ ဘားကိုအတူတည်ထောင်ခဲ့သူတွေဖြစ်ပြီး သူငယ်ချင်းတွေပါ ဘားကအောင်မြင်ပြီး နာမည်ရလာချိန်မှာတော့  "ကုမ်ပေါ့"အဖေက "နမ်နိန်"အဖေကို သစ္စာဖောက်ပြီး လုပ်ငန်းတစ်ခုလုံးကိုသူ့အပိုင်အဖြစ်ခိုးယူလိုက်ပါတယ် 

ဒါကြောင့်မို နှစ်၂၀ကြာပြီးတဲ့အချိန်မှာတော့ "ကုမ်ပေါ့"အဖေဟာ နောင်တများစွာရပြီး သူသေခါနီးမှာ သူငယ်ချင်းရဲ့သမီးဖြစ်သူ နမ်နိန်ကို အမွေတွေအများကြီးပေးခဲ့ပါတော့တယ် 


ဒါပေမဲ့ ဒီလိုဖြစ်ရပ်မှန်အားလုံးကိုမသိရှာတဲ့"ကုမ်ပေါ့"ဟာ အမွေကိစ္စနဲ့အကြီးအကျယ်ဒေါသထွက်ကာ "နမ်နိန်"ရမယ့်အမွေတွေအားလုံးကိုပြန်ယူဖို အချစ်မာယာဂိမ်းတစ်ခုကိုဖန်တီးပါတော့တယ် 


"နမ်နိန်"ကတော့ ရိုးရှင်းပြီးအေးချမ်းတဲ့ အလှဖန်တီးရှင်သာမာန်ကောင်မလေးတစ်ယောက်ပါ အမေဖြစ်သူနဲ့အတူနေထိုင်ပြီး အချစ်ကိုယုံကြည်ပြီးတန်ဖိုးထားမြတ်နိုးသူပါ 


"ကုမ်ပေါ့"ကတော့ ယောကျ်ားတိုရဲ့မာယာနဲ့ "နမ်နိန်"ရဲ့နှလုံးသားကိုရအောင်သိမ်းပိုက်ပြီး အမွေတွေအားလုံးကိုသူ့ဆီလွှပြောင်းဖို လှည့်ကွက်ဆင်ပါတော့တယ် 


ချစ်ခြင်းတရားက ဆန်းကြယ်တယ်ပဲဆိုရမလား "ကုမ်ပေါ့"တစ်ယောက် သူကိုယ်တိုင်လုံးဝမသိလိုက်ချိန်မှာပဲ "နမ်နိန်"ကို အချစ်စစ်နဲ့အချစ်ကြီးချစ်မိသွားပါတော့တယ် ဒါပေမဲ့ ဝဋ်လည်တယ်ဆိုပါတော့ သူတိုလက်ထပ်တဲ့နေ့မှာပဲ သူဟာ "ကုမ်ပေါ့"ရဲ့အချစ်နယ်ရုပ်ရဲ့ဖြစ်နေခဲ့တာကို 

"နမ်နိန်"သိသွားတဲ့အခါမှာတော့ ကုမ်ပေါ့ကိုအမုန်းကြီးမုန်းကာ နည်းမျိုးစုံဖြင့် ကွာရှင်းဖိုကြံစည်ပါတော့တယ်


ဒါဆိုရင် ဒီလိုလှည့်ဖြားတတ်တဲ့မာယာဂိမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ အချစ်ကြီးချစ်မိသွားတဲ့ "ကုမ်ပေါ့"ကရော "နမ်နိန်" သူ့ကို တဖန်ပြန်ချစ်လာအောင်ကြိုးစားနိုင်မလားဆိုတာကို ရသစုံလင်စွာခံစားကြည့်ရှုရမှာမို Thai Drama Page မှာ စောင့်မျှော်အားပေးပါအုံးနော်.....🔥🔥🔥

(ဇာတ်လမ်းအကျဉ်းရေးသူကတော့ Khin Lae Lae  Kyaw ပါ )

Translate by Yu Nage / Yu waddy Htet /Htet Htet lin/Swe Swe
 Encoded By 띤또다아우
Thai Drama Page မှ မြန်မာစာတန်းထိုးတင်ဆက်ပြသသည်

ep 1 mmsub

ep 2 mm sub
ep 3 mmsub
ep 4 mmsub
ep 5 mm sub
ep 6 mm sub
ep 7 mm sub
ep 8 mm sub
ep 9 mm sub

ep 10 mm sub

mega

ep 11 mm sub

mega

ep 12 mm sub

mega

ep 13 mm sub

mega

ep 14 mm sub end

mega

ep 15 mm sub


No comments:

Post a Comment

Get Him Girl မြန်မာစာတန်းထိုး (စဆုံးရုပ်ရှင်ကား)

  Casts ဆွန်ပိုင် အဖြစ် Namtarn Pichukkana Wongsarattanasin  ဆပ် အဖြစ် Tee Thanapon Jarujitranon  ဝန် အဖြစ် Pop Thatchathon  ဇာတ်လမ်းအကျဉ်း ...